မြန်မာ့ လက်ရွေးစင်ဘောလုံးသမားဟောင်း ဗိုလ်ကြီး ဝင်းမောင်(အငြိမ်းစား) အား ဂုဏ်ပြု ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

 မြန်မာ့ လက်ရွေးစင်ဘောလုံးသမားဟောင်း ဗိုလ်ကြီး ဝင်းမောင်(အငြိမ်းစား) အား ဂုဏ်ပြု ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၅    

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့်ကာလအတွင်း သွားလာရေးကန့်သတ်ချက်များကြောင့် စားရေးတွင်အထောက်အကူ ဖြစ်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက်နေ မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သော ဗိုလ်ကြီး ဝင်းမောင်(အငြိမ်းစား)အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဂုဏ်ပြုထောက်ပံ့သော ငွေကျပ် ၃ သိန်း၊ ဆန် ၁ အိတ်၊ ဆီ ၅ ပိဿာ၊ ပဲ ၁၅ ပိဿာနှင့် ကြက်ဥ ၅၀ လုံးတို့ကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တာဝန်ရှိသူများက နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေး အပ်သည်။    



ထို့ပြင် ပြည်တပ်နယ်မှ ဆေးအဖွဲ့များက  မြန်မာ့လက်ရွေးစင်ဘောလုံးသမား ဟောင်း  ဗိုလ်ကြီး ဝင်းမောင်(အငြိမ်းစား)အား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်များ ဆောင်ရွက်ပေးသည်။    

ဗိုလ်ကြီး ဝင်းမောင် သည် ၁၉၆၁ ခုနှစ်တွင် တပ်မတော်အတွင်းသို့ စတင်ဝင်ရောက်၍ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းတွင် ဝင်ရောက်ကစားခဲ့ကြောင်း၊  ၁၉၇၂ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ မြူနစ်မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့အိုလံပစ်အားကစားပွဲ၌ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်စဉ် အသန့်ရှင်းဆုံးဆုကို ရရှိခဲ့ကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ကာ လက်ရှိတွင် အသက် ၇၉ နှစ်ရှိပြီဖြစ်ပြီး ပြည်မြို့၊ အောင်ဆန်း ပြည်သာယာရပ်ကွက်၌ သား၊ သမီးများနှင့်အတူ နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments

Total Pageviews