မနေ့က NCA လက်မှတ်ထိုးတာ ၅ နှစ်ပြည့်ပြီတဲ့။ ကိုယ်တွေနဲ့ အဆက်အစပ်လဲ သိပ်မရှိတော့ သတိလဲ မထားမိပါဘူး။ ဒီနေ့ ရုံးရောက် သတင်းစာဖတ်ရင်း မိန့်ခွန်းနှစ်ခု ဖတ်ရမှသိတာ။
-ကာချုပ်နဲ့ မားသားကြီးဆိုပါတော့။ ဘာသွားတွေ့ရသလဲဆိုတော့ စေတနာနဲ့ယှဉ်တဲ့စိတ်ဆိုတာရယ်၊ အပုပ်ချချင်တဲ့စိတ်ဆိုတာကို ကွဲကွဲပြားပြားသိလိုက်ရ တာ။ ကာချုပ်မိန့်ခွန်းမှာ NCA ပေါ်အောင် လုပ်ပေးခဲ့သူတွေကို ကျေးဇူးတင်ကြောင်းကနေ စလို့ တိုင်းရင်းသားတွေအပေါ်ထားတဲ့စေတနာ၊ ရောဂါနဲ့ပတ်သက်လို့ ပြည်သူကို စိုးရိမ် စိတ်နဲ့ အားပေးစကား၊ NCA နဲ့ ပတ်သက်ပြီး ကြိုးပမ်းခဲ့ရတဲ့ အခြေအနေ စတာတွေကို ပြောတယ်။
အတိုချုပ်ဆိုရရင် Positive သဘောဆန်တဲ့ မိန့်ခွန်း။ မားသားကြီးမိန့်ခွန်း ကရော။ ဆက်ဖတ်ဖြစ်တယ်။ NCA လက်မှတ်ထိုးစဉ်က သူ့အစိုးရမဟုတ်လို့ အသိအမှတ် ပြုတာ မလုပ်သင့်ဘူးလို့များ တွေးခဲ့သလားမသိ။ ကျေးဇူးတင်တယ်ဆိုတာ တစ်ခွန်းမှ မပါသလို NCA မှာ အားနည်းချက်တွေ များလွန်းကြောင်းကို ခပ်ပါးပါးတစ်မျိုး၊ ခပ်ထူထူ တစ်သွယ်နဲ့ မိန့်ခွန်းမှာ ထည့်ပြောတယ်။
လက်နက်ကိုင်ပြီး အင်အားတည်ဆောက်တာ ဟာလို့ အစချီပြီး တပ်ကိုသာမက လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားတွေကိုပါမချန် စော်ကားတာလဲ ပါသေးရဲ့။ မနည်းလှတဲ့ ရှုံ့ချမှုတွေ၊ စောင်းရွဲ့ပြောတာတွေဟာ မိန့်ခွန်းပါ လို့ ဘယ်လိုသတ်မှတ်ရမှန်းတောင် မသိပါဘူး။ တစ်ခုရှိတာက သူ ဦးဆောင်တဲ့ အစိုးရ ဘာလုပ်နိုင်ခဲ့တယ်ဆိုတာကိုတော့ ရွှန်းရွှန်းဝေအောင်ကို ညွှန်းတာကလား။
(၄)ကြိမ်တိတိ လုပ်ခဲ့တဲ့ အစည်းအဝေးရဲ့ အောင်မြင်မှုက ဘာလဲ။ လူတွေ အများကြီးတက်တယ်လေဆို တာထက် ဘာများပိုခဲ့သလဲ။ အရေးသိပ်မကြီးတဲ့ သဘောတူညီချက်အချို့ကို လက်မှတ် ထိုးလိုက်နိုင်တာကိုပဲ ဂုဏ်ယူပြနေရတာ မဟုတ်လား။ ပင်လုံဆိုတဲ့ မူအချို့ကို ကိုးကားပြီး ခွဲထွက်ချင်က ခွဲထွက်နိုင်တယ်ဆိုတာ အပါအဝင် နိုင်ငံရဲ့အမည်ကိုပါ ပြောင်းပစ်လိုက်ရ မယ်တို့၊ ကိုယ်ပိုင်တပ်တွေရှိသင့်တယ်လို့ ပြောလာတာတွေဟာ အောင်မြင်မှုလို့ ထင်နေလေသလား။
ပလုံလို့ အမည်ပြောင်း အပေးခံခဲ့ရတာဟာ အောင်မြင်မှုလား။ မေးခွန်းတွေက မနည်းဘူး။ အဲဒါတွေ ထားလိုက်ပါတော့လေ။ ဒီနေ့ ဖတ်မိတဲ့ မိန့်ခွန်းနှစ်ခု ရဲ့ ကွာခြားချက်ကိုပဲ သတိပြုစေလိုတာပါ။ စေတနာအရင်းခံစိတ်နဲ့ပြောတဲ့ မိန့်ခွန်းနဲ့ အတင်းတုပ်၊ အပုတ်ချယုံ စကားပြောချက်လို့တောင် ခေါင်းစဉ်ပေးချင်မိတာပါ။ အဖြေကတော့ ရှင်းပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး NLD ရဲ့ တိုင်းပြည် အပေါ်ထားတဲ့စေတနာ မူးလို့တောင် ရှူစရာမရှိဘူး။
Credit: မိုးလွင်
0 Comments