၁။ ကျွန်မက Marvelon 28 သောက်တာ နှစ်နှစ်နီးပါးရှိပါပြီ။ အခုကလေးလိုချင်လို့ ဆေးဖြတ်ထားတာ တစ်ပတ်ရှိပါပြီ။ ကိုယ်ဝန် ချက်ချင်းရနိုင်ချေ ရှိပါသလားသိချင်ပါတယ်။ တစ်ချို့ကပြောတော့ တစ်နှစ်လောက်ဆေးဖြတ်ထားတာတောင် မရသေးတဲ့လူတွေ ရှိတယ်ပြောလို့ပါ။
ဟုတ်ပါမယ်။ တယောက်နဲ့တယောက်တော့ မတူကြဘူး။ ရာသီလ မှန်အောင်စောင့်သင့်တယ်။ ဒီကြားထဲမှာ Folic acid သောက်သင့်တယ်။
၂။ တစ်ချို့ကပြောတော့ တားဆေးဖြတ်ပြီးပြီးချင်း ကလေးမယူသင့်ဘူး တစ်လ နှစ်လလောက် စောင့်သင့်တယ်လို့ ပြောပါတယ်။ ကျွန်မကသောက်လက်စ ဆေးကဒ်ကို ကုန်အောင်သောက်ပြီး နောက်တစ်ကဒ် ဆက်မသောက်တော့ဘဲ ရပ်လိုက်တာပါ။ အခုလို ဆေးဖြတ်ပြီးပြီးချင်းမှာ ကလေးရခဲ့ရင် ကလေးမှာ အန္တရာယ်ရှိနိုင်လား သိချင်ပါတယ်။ ချက်ချင်းကလေးမယူသင့်ဘူးဆိုတာရော ဟုတ်ပါသလားရှင်။
ဆေးသုံးတဲ့တားနည်းကိုရပ်ပြီး ရာသီမှန်အောင်စောင့်သင့်တယ်ဆိုတာ စောင်ကိုစောင့်ရမယ်လို့ ပြောတာတော့ မဟုတ်ပါ။ ရက်တွက်တာ သေခြာမယ်။ ဆေးထဲက ဟော်မုန်းတွေ ကုန်စင်စေမယ်။ ဟော်မုန်း နည်းနည်းပါးပါးက နောက်ကိုယ်ဝန်ကို စိုးရိမ်လောက်အောင် မထိခိုက်စေပါ။ ဟော်မုန်းတွေကလဲ မ-မျိုးဥထွက်လာမှာကိုသာ တားနိုင်စွမ်းရှိတယ်။ ရှိနေတဲ့ ကိုယ်ဝန်ကို မပျက်စေနိုင်ပါ။ တနေ့ ၁ လုံးသာ သောက်ရမဲ့ဆေးကို ပိုမသောက်ရင် ပြောတာပါ။ များသောအားဖြင့်လဲ ချက်ချင်း နောက်ကိုယ်ဝန်ရတာက ရှားပါတယ်။ IUCD/IUD/Copper T ထည့်တာမျိုးကတော့ ဟော်မုန်း မပါဘူး။ (ကွန်ဒွမ်) မှာလဲ မပါဘူး။
၃။ Complete abortion နဲ့Incomplete abortion ကို ဘယ်လိုခွဲခြားသိနိုင်ပါသလဲရှင့်။ သမီးကရော ဘယ် Abortionထဲမှာ ပါပါသလဲရှင့်။ တကယ်လို့ Incomplete Abortionဖြစ်ခဲ့ရင် ဘာတွေလုပ်သင့်ပါသလဲ။ ဘာဆေးတွေသောက်သင့်ပါသလဲရှင့်။
Complete abortion ကိုယ်ဝန် အကုန်ပျက်ခြင်း ဆိုရင် ဆင်းစရာမှန်သမျှ အကုန်ဆင်းလို့ သွေးထပ်မဆင်းတော့ဘူး။ ခါးကိုက်-ဗိုက်နာလဲ မဖြစ်တော့ဘူး။ ကိုယ်ဝန်နုရင် ပိုဖြစ်တတ်တယ်။ Incomplete abortion တဝက်တပျက်ကိုယ်ဝန်ပျက်ခြင်း ဆိုရင် သွေးဆင်းနေတာက မရပ်ဘူး။ ဆင်းချင်လာရင် ဗိုက်နာမယ်။ ဆရာဝန်က စမ်းရင် သားအိမ်က ပုံမှန်ထက် ကြီးနေအုံးမယ်။ သားအိမ်ဝလဲ တဝက်တပျက် ပွင့်နေမယ်။ သားအိမ်ခြစ်ရမယ်။ တချို့ကတော့ ဆေးသုံးပြီး ကုန်အောင်လုပ်မယ်။ ဆင်းစရာမကုန်တာကနေ ကံမကောင်းလို့ ပိုးဝင်တတ်တယ်။
၄။ လွန်ခဲ့တဲ့ တစ်ပတ်က သမီးအမျိုးသားနဲ့ အကာအကွယ် မပါဘဲ အတူနေခဲ့မိပါတယ်ရှင့်။ အဲဒါ ကိုယ်ဝန်ထပ်ရနိုင်ပါသလား။ ရခဲ့ရင်ရော အရင်လို ပျက်နိုင်ပါသလား။ ကိုယ်ဝန် ဘယ်နှစ်ပတ်က စပြီး ဆီးစစ်နိုင်ပါသလဲ။ ပျက်မကျအောင် ဘယ်လို နေထိုင် စားသောက်သင့်ပါသလဲရှင့်။
Abortion မလိုချင်တဲ့ ကိုယ်ဝန် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈) ကို တင်လိုက်ပါတယ်။
Pregnancy and Good diet အစားအစာနဲ့ ကိုယ်ဝန်ရခြင်း ကိုလဲ ဖတ်နိုင်ပါတယ်။
၅။ ကိုယ်ဝန် (၁)လ ကျော်ကျော်မှာ ဆိုင်ကယ်စီးရင်း သွေးတွေအများကြီး ဆင်းလာပါတယ် ညနေရောက်တော့သွေးခဲလေးတွေ ဆင်းလာပါတယ် မနက်ရောက်တော့ ဆီးစစ်တံနဲ့စစ်ကြည့်တော့ မျည်းနှစ်ကျောင်းပေါ်နေပါတယ်။ အခုထိသွေးနည်းနည်းဆင်းနေ တုန်းပါပဲ။ အဲဒါ ကိုယ်ဝန်ရှိနေနိုင်သေးလားဆရာ။
မေးတာကို သိပ်မရှင်းပါ။ ကိုယ်ဝန်တလကျော်လို့ ရေးထားတယ်။ ဆီးစစ်တော့ အပေါင်းပြနေတယ်လို့ပါ သက်သေထူးထားတယ်။ ကိုယ်ဝန်ရှိနေနိုင်သေးလားဆိုတာက ကိုယ်ဝန် ရှိခဲ့ပြီး ပျက်သွားတာက မကုန်သေးတာ၊ ဆက်ရှိနေသေးတာကို မေးတာထင်ပါတယ်။ ကိုယ်ဝန်စရှိကတည်းကနေ ဆီး-သွေးစစ်ရင် အပေါင်းပြနေမယ်။ ကိုယ်ဝန်ဆက်တည်တာဘဲဖြစ်ဖြစ် ပျက်သွားလို့ဘဲဖြစ်ဖြစ် ပြနေမယ်။ ဒါပေမဲ့ ပျက်သွားရင်တော့ ကြာကြာအဲလို အပေါင်းမပြနိုင်ပါ။ ကိုယ်ဝန်ရှိစမှာ သွေးဆင်းတာက ကိုယ်ဝန်ပျက်တာအပြင် တခြား အကြောင်းကြောင့်လဲ ဆင်းနိုင်တယ်။ ဒုတိယအမျိုးအစားဆိုရင် ကိုယ်ဝန်ဆက်ရှိနိုင်တယ်။ ဆက်ရှိစေအာင် သတိထားရလိမ့်မယ်။
ဆက်စပ်ပြီး ဖတ်နိုင်တာတွေရှိပါတယ်။
• Bleeding PV သွေးသွန်ခြင်း
• Miscarriage ကိုယ်ဝန်ပျက်ခြင်း
• Abortion မလိုချင်တဲ့ ကိုယ်ဝန် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈)
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂)
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁)
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
၆။ ဆက်ဆံတာ 1-1-2012 ကပါ။ ဆက်ဆံပြီးနောက်လည်း Pill 72 တားဆေးကို အချိန်မှန် နည်းလမ်းမှန် သောက်ပါတယ်။ 6-1-2012 ကြတော့ ရာသီလာပါတယ်။ အဲလိုဆိုရင် ကိုယ်ဝန်မရနိုင်တော့ဘူးမလားဆရာ။ နောက်ပြီး နောက်လတွေဆိုရင် ရာသီလာရက်အတိုင်း ပြန်မှန်စွာလာပါသလား။ အသက်က ၂၅ နှစ်ပါ။ ပုံမှန်ရာသီ လာနေကျရက်ကတော့ 22-1-2012 ပါ။ အဲဒီ Pill72 ဆေးကိုသောက်လို့စောလာတာလား။ အဲလိုကော ရာသီစောလာနိုင်ပါသလား။ အဲလို ဆေးသောက်ပြီး ၇ ရက်အတွင်း ရာသီလာတော့ လန့်သွားကြတယ်။ အဲဒီဆေးက အဲလိုလာပါသလားဆရာ။
– ရာသီလာတယ်ဆိုရင် ဒိအရင်က ဘယ်နှစ်ကြိမ်ဘဲ အတူနေနေ အဲဒီလိုနေခဲ့တာတွေကြောင့် ကိုယ်ဝန်မရပါ။
– ရာသီတခါလာပြီးနောက် ဆက်ဆံတာမရှိရင်၊ ဆက်ဆံရင်လဲ ရက်ရွေးမှန်ရင်၊ ဘယ်ရက်မှာဖြစ်ဖြစ် အကာအကွယ်ကို စနစ်တကျသုံးပြီး ဆက်ဆံရင်လဲ ကိုယ်ဝန်မရစေပါ။
– အဲလိုနေခဲ့ရင် နောက်လမှာလဲ ရာသီပုံမှန်လာပါမယ်။
– တကယ်လို့ ဟော်မုန်းပါ တားဆေး (စားဆေး-ထိုးဆေး) သုံးတာဆိုရင် ရာသီရက် မတူတာမျိုး တချို့ မိန်းကလေးတွေမှာ ဖြစ်နိုင်တယ်။
– စိတ်-ရုပ် ဖိအားကြောင့်လဲ ရာသီရင် အပြောင်းအလွဲရှိနိုင်တယ်။
– အရေးပေါ်တာဆေးကနေ ရာသီရက် ပြောင်းစေတယ်။
– အရေးပေါ်တာဆေးကို ပုံမှန်တားဆေးသဘော အမြဲသုံးတာ မသင့်ပါ။
ဒေါက်တာတင့်ဆွေ
0 Comments