ဆရာရှင့် ကျွန်မသမီးက အသက် (၆) လပါ။ ကျွန်မကဆန်မှုန့်ကိုကျွေးနေတာ (၁) ပတ်လောက်ရှိပါပြီ။ ကလေးက ဝမ်းချုပ်နေတာ (၃) ရက်ရှိပါပြီ။ အဲဒါကြောင့် ကျွန်မက ဝမ်းပျော့ဆေးကို ညတစ်ကြိမ် မနက်တကြိမ် နှစ်ခါ တိုက်လိုက်ပါတယ်ဆရာ။ အစပိုင်းမှာ ဝမ်းကအမာသွားပြီးတော့ ခုနောက်ပိုင်းမှာ အစိပုံစံဝမ်းတွေသွားပါတယ်။
ဝမ်းသွားရင် သွေးစလေးတွေပါလာပြီးတော့ စအိုက နည်းနည်းကွဲနေပါတယ်ဆရာ။ အဲဒါကြောင့် စအိုကို အခုပြတဲ့ဆေး လိမ်းလိုက်ပါတယ်ဆရာ။ ဝမ်းကမရပ်သေးဘဲ ကလေးက ထပ်ညှစ်ပြီးသွားနေတာ ဒီနေ့ (၇)ခါ ရှိပါပြီ။ အများကြီးတော့ မဟုတ်ပါဘူးဆရာ။ နည်းနည်းနဲ့ ခဏခဏသွားနေပါတယ်ဆရာ။ အဲဒါဆေးခန်းသွားတော့ အခုပြတဲ့ဆေးဗူးနဲ့ အဝါရောင် ဆေးလုံးနှစ်လုံးကိုကြိတ်ပြီးတော့တိုက်ခိုင်းပါတယ်။ ကလေးက ဝမ်းပျက်ဝမ်းလျော ကာကွယ်ဆေး ထိုးပြီးသားပါဆရာ။ ကလေးဝမ်းသွားတာ စိုးရိမ်ရပါသလားဆရာ။ ဝမ်းပျော့ဆေးကြောင့် ဝမ်းသွားတာလားဆရာ။ အခြားဘာတွေ ရှောင်သင့်ပါဆရာ။ အခုတိုက်တဲ့ဆေးနဲ့ သက်သာနိုင်ပါဆရာ။ ဝမ်းအရောင်က အဝါရောင် အစိမ်းရောင်တွေပါဆရာ။ ချွဲပုံစံတွေလည်းပါပါတယ်ဆရာ။
မေးခွန်းထဲက သတ်ပုံပြင်စရာရှိတာ ပြင်လိုက်ပါတယ်။
မေးတာက ဝမ်းချုပ်လို့ ဆေးတိုက်ပြီး ဝမ်းပျက်တယ်။ ဝမ်းပျက်တော့ ဆက်ဖြစ်လာတာရှိတယ်။ ကလေးငယ်တွေ ဆေးမပါပဲ ကောင်းကြတာများတယ်။ ၆ လ အထိအားဆေးကအစ မလိုပါ။
ဝမ်းဆိုတာ ပါးစပ်ကနေဝင်တာ (ရေ + အစားအသောက် + ကစားစရာ + ဆေး) တွေကနေ သက်ရောက်စေတယ်။
ကလေးငယ်တွေအတွက် ဆေးတွေသိပ်အားမကိုးပါနဲ့။ လူကြီးလက် ခဏခဏဆေးပါ။ အစားအဆန်းကျွေးကာစ သတိထားပါ။
ကလေးတွေ ဝမ်းချုပ်တာလည်း မကောင်း၊ ဝမ်းပျက်တာလည်း မကောင်းပါ။ ရောဂါ ၂ မျိုးလုံးအတွက် စာရေးထားတယ်။
ဒေါက်တာတင့်ဆွေ
0 Comments