ကာမဆက်ဆံချိန် မိန်းမတွေ ပြီးတယ်ဆိုတာ...

 မိန်းမတွေ ပြီးတာ

ချစ်တင်းနှောတဲ့အခါ အမျိုးသမီးတစ်ယောက် အသာယာဆုံး၊ ကျေနပ်မှု အရရှိဆုံး ခံစားချက်တွေ၊ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်လာတာတွေ အားလုံးကို ပေါင်းရုံးပြီး “ပြီးတယ်”လို့ ခေါ်ဆိုကြပါတယ်။ အမျိုးသားတွေ ပြီးတာကို သုက်ထွက်တာနဲ့ အထင်ရှားဆုံး အကောင်အထည်ပြလို့ ရပေမယ့် အမျိုးသမီးတွေ ပြီးတာကိုကျတော့ အဲဒါမျိုးပြလို့ မရဘူး။

NOE Selec0002နိုင်ငံခြားက မထော်မနန်း အပြာကားတွေမှာတော့ အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားအင်္ဂါတွေထဲကနေ အရည်တွေ တဗျန်းဗျန်း ပန်းထွက်တာတွေ ရိုက်ပြထားတာ အများအပြားရှိတယ်။ အပြာကားကို ပြဋ္ဌာန်းချက်အောက်မေ့နေသူတွေ အတွက်တော့ အဲဒါကို အဟုတ်မှတ်နေတာလည်း တစ်ပုံကြီးရယ်။ သူတို့တွေ ကိုယ်တိုင် ပင့်ကူလူသားအဖြစ် ကုန်သည်ကြီးများ ဟိုတယ်တို့၊ ဆာခူရာမျှော်စင်တို့ရဲ့ နံရံတွေပေါ် တက်ပြနိုင်တဲ့ တစ်နေ့ကျရင် သူတို့နဲ့ ပတ်သက်နေတဲ့ မိန်းမတွေရဲ့ အင်္ဂါတွေက ထွက်လာတဲ့ အရည်တွေ အားကိုးပြီး မီးသတ်ဘူး ဆောင်ထားစရာ လိုတော့မှာ မဟုတ်ပါဘူး။

တကယ်တော့ အမျိုးသမီးတွေ “တကယ်ပြီးတဲ့”အချိန်မှာရော၊ လိင်စိတ်နိုးကြားလာချိန်များမှာပါ ခန္ဓာကိုယ်မှာ  “စိတ်မှတ်မဲ့ တုံ့ပြန်မှု”တွေ ပေါ်ပေါက်လာတတ်စမြဲပါ။ “စိတ်မှတ်မဲ့ တုံ့ပြန်မှု”ဆိုတာက ကြက်သီးထတာ၊ နှာချေတာ၊ ဒူးတုန်တာမျိုးများလို ကိုယ်က တမင် လုပ်တာ မဟုတ်ဘဲ ဖြစ်ရပ်တစ်ခုကြောင့် အလိုလို ထဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုမျိုးပါ။

ယောက်ျားတွေ  လိင်စိတ်နိုးကြားလာချိန်မှာ ငယ်ပါ တင်းမာလာတာ သဘာဝဖြစ်သလို မိန်းမသားတွေ လိင်စိတ်နိုးကြားလာချိန်မှာ သူတို့ရဲ့ မျိုးဆက်ပွားအင်္ဂါကလည်း ပုံမှန်အနေအထားထက် ပိုမိုစွင့်ကားလာပါတယ်။ သည့်ထက်ပိုနိုးကြားလာရင် အင်္ဂါမှာ အရည်များစိုစွတ်လာပါတော့မယ်။ ဒါက ခန္ဓာကိုယ်က စိတ်မှတ်မဲ့ တုံ့ပြန်တာပါပဲ။

“ပြီးတာ”ကျတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ်တိုင် အမှန်တကယ် ခံစားဖူးရင် “မလွဲမသွေ” သိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီ့ ပြီးခြင်းခံစားချက်ကို တခြားဘယ်နည်းနဲ့မှ ခံစားသိရှိနိုင်မှာ မဟုတ်လို့ပါပဲ။

ဒါပေမယ့် အမျိုးသမီးတစ်ယောက် “ပြီးဖို့”ဆိုတာ စက္ကန့်ပိုင်းမှသည် နာရီနဲ့ ချီပြီး ကြာတတ်ပါတယ်။ အဲဒီ့မှာ ပုံသေနည်း မရှိပါဘူး။ သည်တစ်ယောက်ထဲမှာတောင်မှ တစ်ခါတစ်လေမှာ ပြီးဖို့ ဘာမှ မကြာလိုက်ပေမယ့် တစ်ခါတစ်လေကျရင် ဘယ်လောက် လှုံ့ဆော် လှုံ့ဆော် မပြီးတတ်နိုင်သလို တစ်ယောက်က အလွယ်ပြီးတတ်တိုင်း နောက်တစ်ယောက်လည်း သူ့လိုပဲလို့ ပုံသေတွက်ထားလို့ မရပါဘူး။ ဒါ တစ်ဦးချင်းစီကိစ္စပါ။ ယေဘုယျပြောရင်တော့ မိန်းမသား အများစုဟာ တစ်ကိုယ်ရေ အာသာဖြေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အမျိုးသားတစ်ယောက်က သူတို့ တစ်ကိုယ်ရေ အာသာဖြေသလို လက်နဲ့ ဖြစ်စေ၊ ပါးစပ်နဲ့ဖြစ်စေ နည်းမှန်လမ်းမှန် လှုံ့ဆော်ပေးရင်ဖြစ်ဖြစ် ၁၀ မိနစ်လောက်အတွင်းမှာ ပြီးသွားနိုင်တယ်လို့ ပြောနိုင်ပါတယ်။


ယောက်ျားတစ်ယောက်အတွက်က သည် ၁၀ မိနစ်ဆိုတာ အတော်ကြာနေပါပြီ။ ယောက်ျားတစ်ယောက် သိပ် စိတ်ထက်သန်နေရင် တစ်မိနစ်၊ နှစ်မိနစ်အတွင်းတောင် ပြီးသွားနိုင်ပေတာကိုး။ မိန်းမသားအများစုအတွက်ကျတော့ အဲသလောက်နဲ့ ပြီးဖို့က အတော်ခဲယဉ်းပါတယ်။ ကိုယ်ပိုင် အတွေ့အကြုံအရ ပြောရရင် ဘယ်လောက် လှုံ့ဆော် လှုံ့ဆော် လုံးလုံး မပြီးသူတွေ ရှိပါတယ်။ ပြီးသူတွေလည်း ရှိပါတယ်။ သည်ထဲကမှ ရှားရှားပါးပါး တစ်ယောက်ကတော့ အလွန်ပြီးလွယ်တတ်တယ်။ အံ့အားသင့်စရာ ကောင်းအောင်ကို အချိန်တိုအတွင်း ပြီးနိုင်သလို အကြိမ်ကြိမ်လည်း ပြီးနိုင်ပါတယ်။ ဒါက အများထဲက တစ်ယောက်ပေါ့။

ပြီးတာကို မကြုံဖူးသေးတဲ့ အမျိုးသမီးတွေ သိအောင် ပြောရရင်တော့ ပြီးခါနီးလာရင် ဆီးသွားချင်သလို ခံစားမှုမျိုး ပေါ်ပေါက်လာပါလိမ့်မယ်။ အဲသလို ပြောသလို ဆီးသွားချင်တာနဲ့ တစ်ထပ်တည်း တူတဲ့ ခံစားချက်လို့ မဆိုလိုပါဘူး။ မျိုးဆက်ပွားအင်္ဂါမှာ ဆီးသွားချင်လာတဲ့အခါ ဖြစ်လာတတ်တဲ့ ခံစားချက်နဲ့ ဆင်ဆင်တူတယ်လို့သာ ပြောလို့ရပါတယ်။

အဲလိုနဲ့ ပြီးသွားချိန်မှာ အင်မတန် ပြင်းထန်လှတဲ့ အပူဓာတ်၊ ဒါမှမဟုတ် ကျင်ခနဲ ဖြစ်သါားတဲ့ ခံစားချက်က အစေ့ကနေ မျိုးဆက်ပွားအင်္ဂါတစ်ခုလုံးမှာ ဟုန်းခနဲဖြစ်သွားသလို တစ်ကိုယ်လုံးအနှံ့ကိုလည်း ပြန့်သွားပါတော့မယ်။ အဲဒီ့နောက် ဆက်တိုက်ဖြစ်မှာက မျိုးပွားအင်္ဂါထဲက ကြွက်သားများသာမက စအိုက ကြွက်သားများပါ ကြုံ့ခနဲ၊ ကြုံ့ခနဲ တုန်ယင် ကြုံ့ဝင်ပါတယ်။ အဲဒါက သုံးလေးကြိမ်မှအထိ ခြောက်ကြိမ် ခုနစ်ကြိမ်အထိ ဖြစ်တတ်တယ်။

အဲဒီ့အချိန်မှာ နှလုံးခုန်တာလည်း အလွန်မြန်နေလိမ့်မယ်။ ခြေဖျားတွေလဲ အလိုလို ကွေးချင်ကွေးသွားနိုင်တယ်။ အသက်အောင့်ထားရမလိုလို၊ အသက်ပဲ တအားရှူရတော့မလိုလို ဖြစ်လာမယ်။ တစ်ကိုယ်လုံးလည်း တောင့်တင်းနေပြီး ခါလိုက်ချင်သလို တွန့်လိုက်ချင်သလို တုန်တုန်ယင်ယင်ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဘာသာ မထိန်းနိုင်ပဲ အော်မိ၊ ညည်းမိနေတတ်ပါတယ်။

ဘယ်သူတွေ ဘယ်လို ပြီးနိုင်သလဲ

အဲဒီ့အချိန်မှာ ခံစားရတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ခံစားချက်ဟာ ဘယ်လို ခံစားချက်နဲ့မှ အစားထိုးမရ၊ နှိုင်းယှဉ်လို့ မရအောင် ထူးထူးခြားခြားဖြစ်နေမှာလည်း သေချာပါတယ်။ အများစုအတွက်က အဲဒီ့ခံစားချက်ကို အသာယာဆုံးလို့ နားလည်ထားကြပေမယ့် သိပ်ကို နည်းတဲ့ အနည်းစုကတော့ တစ်ခါ ခံစားဖူးတာနဲ့ တအားလန့်သွားပြီး နောက်တစ်ခါ ထပ်ခံစားရမှာကို သေရမလောက် ကြောက်သွားတတ်ကြတယ်။

မြန်မာတွေမှာကျတော့ ဒါကို သွန်သင်မှု မရှိတဲ့အပြင် လိင်ကိစ္စကို ရှက်စရာ၊ အကုသိုလ်အမှု၊ ဘာညာ စသဖြင့် တစ်သက်လုံး ဆိုးဆိုးရွားရွား အသွန်သင်ခံထားရသူများဆိုရင် ကိုယ်ကိုယ်တိုင်လည်း အသက်သာ အစိတ်ကျော်လာတယ်၊ တစ်ခါမှ မစူးစမ်းဖူး၊ ကိုယ်နဲ့ ညားတဲ့ ယောက်ျားကလည်း ဘုမသိ ဘမသိနဲ့ အပြာကားနဲ့ အပြာစာအုပ်ကိုသာ အဟုတ်မှတ် ကြိတ်ယုံထားသူ ဖြစ်နေလို့ကတော့ သေသည်အထိ ပြီးတယ်ဆိုတဲ့ ခံစားချက်ကို ရမသွားနိုင်ပါဘူး။ အထူးသဖြင့် အသက် ၄၀ တန်းနဲ့ အထက်၊ ကျွန်တော်တို့ အမေအရွယ်၊ အဖွားအရွယ် ဘိုးဘေးဘီဘင်များလက်ထက်မှာ ပြီးတယ်ဆိုတာ ဘာမှန်း မသိဘဲ သေသွားတဲ့ မိန်းမတွေက ၉၀ ရာခိုင်နှုန်းမက ရှိလောက်ပါတယ်။

အဲ… တစ်ခုတော့ ရှိတယ်။ အထက်မှာ ပြောခဲ့တဲ့ ပြီးနည်းမျိုးဟာ အမြဲတစေတော့ ဖြစ်နေမှာ မဟုတ်ဘူးနော်။ တစ်ခါတစ်လေကျရင် အဲသလိုမျိုး ဖြစ်တော့ဖြစ်တယ်။ ဒါပေမယ့် အဲသလောက် မပြင်းထန်ဘဲ အလွန်သာယာတဲ့ ခံစားမှုလောက်နဲ့ ပြီးတာမျိုးလည်း ဖြစ်တတ်ပါတယ်။

အဲဒီ့လိုဖြစ်တာကလည်း တဖြည်းဖြည်း သိမ်မွေ့လာပြီး ငါးစက္ကန့်မှသည် စက္ကန့် ၂၀ လောက်အတွင်းမှာ စတင် ကွယ်ပျောက်သွားတော့မှာပါ။ ကိုယ်ခန္ဓာကလည်း ပြေလျော့သွားမယ်၊ အသားသိပ်ဖြူတဲ့သူတွေဆိုရင် ရင်သားအထက်မှာ ပန်းသွေးရောင်လျှမ်းလာနိုင်ပါတယ်။ အဲဒီ့နောက်မှာ နားချင်တဲ့ စိတ်ရင်လည်း ပေါက်ချင် ပေါက်လာမယ်၊ နောက်တစ်ကြိမ် ထပ်ပြီး သည်လို ခံစားချက်မျိုး ဖြစ်လာအောင် ပြန်လုပ်ချင်တဲ့ စိတ်လည်း ဖြစ်ချင် ဖြစ်လာနိုင်ပါတယ်။ ဒါလည်း တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။

သိပ်တော့ ဖြစ်ခဲတယ်။ ဒါပေမယ့် တချို့တွေမှာ ဖြစ်တတ်တာကတော့ တစ်ကြိမ်တည်း မဟုတ်ဘဲ အကြိမ်ကြိမ် ပြီးနေတာက မနားတမ်းဆက်တိုက်ဖြစ်နေတာမို့ တစ်ကြိမ်တည်း ပြီးသလို ခံစားရတာမျိုးပေမယ့် ပြင်းထန်တဲ့ အဲဒီ့ ရုပ်ပိုင်း အရသာနဲ့ ခန္ဓာကိုယ်တောင့်ခနဲ ဖြစ်သွားတာတို့ဟာ စက္ကန့် ၃၀-၄၀ လောက်မှသည် သုံး-လေးမိနစ်လောက် အထိ တာရှည်နေတတ်ပြန်တယ်။ ထပ်ပြောမယ်နော်… ဒါအမျိုးသမီးတိုင်း မဖြစ်နိုင်ပါဘူး။ ဖြစ်ဖူးတဲ့ အမျိုးသမီးပေမယ့် နှစ်ပေါင်း သုံးဆယ်လောက်မှာမှ ဒါမျိုးက သုံး-လေးခါသာ ကြုံတောင့် ကြုံခဲ ကြုံရတာမျိုးလည်းဖြစ်နိုင်ပါတယ်။

တကယ်တော့ ကျွန်တော်က မိန်းမတစ်ယောက် မဟုတ်တဲ့အတွက် သည်ခံစားချက်ကို တစ်ဆင့်ကြားနဲ့၊ စာတွေ့နဲ့၊ ကိုယ်တွေ့မျက်မြင်နဲ့လောက်ပဲ ပြောပြနိုင်ပါတယ်။ ပြီးသွားတဲ့ မိန်းမတွေကို မေးတဲ့အခါ ဘယ်လိုဆိုတာ သရုပ်ပေါ်အောင် ပြန်ပြောတတ်တဲ့ မိန်းမဆိုတာ တစ်ယောက်မှ မကြုံဖူးသေးပါဘူး။ ဆင်ဆိုသည်မှာ နံရံကြီးပါလို့ ပြောသလိုပဲ ဟိုလိုဖြစ်တယ်၊ သည်လို ဖြစ်တယ်လို့ ပြောကြတာလောက်ပဲ ရှိပါတယ်။ မျက်မြင်တွေ့ရချိန်မှာလည်း တစ်ယောက်နဲ့ တစ်ယောက်က မတူပါဘူး။ ဒါ့ကြောင့် ပုံသေကားကျ အင်မတန် အပြောရခက်ပါတယ်။ ဒါ့ကြောင့် အထက်က ပြောတဲ့ အစီအစဉ်အတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်တယ်လို့ ပြောရလည်း ခက်နေဦးမှာပါ။ အဲဒါတွေ အားလုံးဖြစ်ချိန်ကလည်း စက္ကန့်ပိုင်းလေးအတွင်းမှာတင် ဖြစ်သွားတာမို့ ဘယ်ဟာက အရင်၊ ဘယ်လိုက နောက်ဆိုတာ ကိုယ်တိုင် ခံစားမကြည့်ဘဲနဲ့ မသိနိုင်ပါဘူး။

ရွှေယောက်ျားတို့ မှတ်သားဖို့

အခု ဒါကို ရေးပြလိုက်ရတာက အပြာစာအုပ်နဲ့ အပြာကားတွေကို အဟုတ်မှတ်နေတဲ့ ယောက်ျားလေးတွေကို ရှင်းပြစရာ ရှိနေလို့ အစချီလိုက်တာပါ။

(၁) ယောက်ျားလေးတွေလို ငယ်ပါကို အမျိုးသမီးအင်္ဂါထဲ အသွင်းအထုတ် လုပ်နေရုံနဲ့ အမျိုးသမီးတွေ ဘယ်လိုနည်းနဲ့မှ မပြီးနိုင်ပါဘူး။ ဒါကို ယောက်ျားလေးတွေ ကောင်းကောင်း သိဖို့ လိုပါတယ်။

(၂) အပြာကားတွေထဲကလည်း အမျိုးသမီးတွေရဲ့ မျိုးဆက်ပွား အင်္ဂါထဲက အရည်တွေ ပန်းထွက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ထွက်တယ်ဆိုရင်တောင်မှ အဲသလောက် အများကြီး မထွက်ဘူး။ အလွန်ဆုံးမှ လက်ဖက်ရည် ဇွန်း သေးသေးလေးနဲ့ တစ်ဇွန်းစာလောက်သာ ထွက်ပါတယ်။ အမှန်က တကယ့်ကို နည်းနည်းလေးသာ ထွက်ပါတယ်။ အဲဒါကလည်း “ဆလိမ်ကွက်”ကို လှုံ့ဆော်မှ ထွက်နိုင်တာမျိုးပါ။ အဲဒီ့နေရာကို လှုံ့ဆော်လို့ ပြီးတိုင်းလည်း မထွက်ပါဘူး။ တစ်သက်လုံးမှာ တစ်ခါပဲ ထွက်ချင်လည်း ထွက်မှာပါ။ ဒါ့ကြောင့် အမျိုးသမီးအင်္ဂါက အရည်ထွက်တဲ့ ကိစ္စကို အပြာစာအုပ်နဲ့ အပြာကားထဲမှာ ထားရစ်ခဲ့ကြစေချင်ပါတယ်။ ပြင်ပ လက်တွေ့ဘဝကို သယ်မလာကြစေချင်ပါဘူး။


(၃) ကတော့ “မျှော့”ပြဿနာပါ။ ခေတ်အဆက်ဆက်မှာ မျှော့ပါတယ်ဆိုတဲ့ စကားကြီးက ကျွန်တော်တို့ကို အတော် ဖမ်းစားထားပါတယ်။ တကယ်တော့ ဘာမျှော့မှ မဟုတ်ပါဘူး။ ပါတယ်ဆိုရင်လည်း အမျိုးသမီးတိုင်းမှာ ပါပါတယ်။ သို့သော် မပြီးရင် မဖြစ်ပါဘူး။ အမျိုးသမီးတစ်ယောက် တကယ်ပြီးနေချိန်မှာ သူ့အင်္ဂါထဲက ကြွက်သားတွေက ကြုံ့ဝင်သွားပြီး ငယ်ပါကို ဆုပ်ညှစ်သလို ဖြစ်စေပါတယ်။ တချို့ရဲ့ ပြီးပုံက ပြင်းထန်လွန်းတဲ့အခါ အဲသလို ညှစ်လိုက်တဲ့အားက အတော်ပြင်းတဲ့အတွက်၊ လက်နဲ့ ဆုပ်ညှစ်လိုက်သလောက်ကို ပြင်းတဲ့အတွက် အဲဒါကို ရွှေယောက်ျားတချို့က မျှော့ မျှော့နဲ့ တမျှော့တည်း မျှော့နေကြခြင်းသာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ဆရာမကြီးတစ်ဦးကတော့ သူ့သင်တန်းသူတွေကို မျှော့အတုလုပ်နည်း သင်ပေးထားပါတယ်။ ဘာမှ မခက်ပါဘူး။ စအိုကို ရှုံ့ရှုံ့ပေးလိုက်ရင် ယောက်ျားရဲ့ ငယ်ပါက ငေါက်ခနဲ ငေါက်ခနဲ ဖြစ်သွားသလို စအိုကို ရှုံ့ရှုံ့ပေးရင် အမျိုးသမီးရဲ့ အင်္ဂါအတွင်းက ကြွက်သားကလည်း ကြုံ့ကြုံ့သွားပါတယ်။ အဲဒါကို ယောက်ျားတစ်ယောက် သုက်ထွက်ချိန်မှာ ကစား ကစား ပေးရင် ယောက်ျားတွေက စွဲတယ်ဆိုတဲ့အတွေးနဲ့ အဲဒီ့ဆရာမကြီးက သေချာလေ့ကျင့်သင်ကြားပေးတာပါ။

တကယ်တော့ အိမ်ထောင်ရေးဘဝမှာ လိင်ကိစ္စက အတော်လေး အဓိကကျပေမယ့် အဲဒီ့တစ်ခုတည်းနဲ့ ယောက်ျားနဲ့ မိန်းမကို စည်းနှောင်ပေးထားတာ မဟုတ်ပါဘူး။ တခြား အကြောင်းရပ်တွေ အများကြီးရှိပါသေးတယ်။ မိန်းမမှာ အဲဒီ့ မျှော့အတတ် ဘယ်လောက် တစ်ဖက်ကမ်းခတ် တတ်နေနေ၊ အိပ်ရာထဲမှာ ဘယ်လောက် သာယာနေနေ၊ တစ်နေ့တစ်နေ့ နားပူ ဂျီကျနေတဲ့ မိန်းမ၊ ဖြစ်ကတတ်ဆန်းနေတတ်တဲ့ မိန်းမ၊ အကျင့်တန်တဲ့ မိန်းမဆိုရင် ဘယ်ယောက်ျားက တွယ်တာ မြတ်နိုးနေမှာလဲ။

Credit to အတ္တကျော်

Post a Comment

0 Comments

Total Pageviews