မဲဆွယ်တာလား..... ? တိုက်ခိုက်တာလား..... ?

 အလိုလေး ဝိုင်း နဲ့ လူမင်းရယ်။ မင်းတို့မလဲ ပိန်းလိုက်တဲ့ ဦးနှောက်။ နည်းလိုက်တဲ့ ဉာဏ်၊ တိမ်လိုက်တဲ့ အတွေးလို့သာ ဆိုချင်ပ။ မဲဆွယ်ကား ထွက်တယ်ဆိုလို့ ကြည့်ဖြစ် ပါတယ်။ မင်းတို့ဟာက မဲဆွယ်တာမှ မဟုတ်တာကိုကွဲ့။ တစ်ဖက်သားကို အပုတ်ချ၊ ထိုးနှက်ထားတဲ့ ထမီတန်းအောက်က အဆင့်ပါပဲလား။ အတိမ်ဆုံးထဲမှာပဲ စစ်တပ်ကို ထိုးနှက်ထားတာဟာ နိုင်ငံရေးလုပ်တယ် ထင်နေတဲ့ ဦးနှောက်ကတော့ အဆိုးဆုံးပ မောင်တို့ရယ်။ 


စစ်တပ်က မဲရအောင်များ စွမ်းဆောင်လိုက်လေမလားဆိုတဲ့ ငါ့အတွေး တောင် တံတွေးနဲ့ ပြန်ထွေးချင်ပါရဲ့။ မင်းတို့ဟာက အလိုလိုမှ ရင်ကြားစေ့ရ ခက်နေတဲ့ အထဲ ဆွဲဖြဲတာထက်တောင် ပိုနေမင့်ဟာကိုးကွ။ ညံ့ပါ့ ချက်ကြီးတို့ရယ်။ ညံ့ပါ့။ မင်းတို့ဟာက စစ်တပ်မဲကို မရနိုင်တော့တဲ့အပြင် သောက်မြင်ကပ်ပုဒ်မကပ်ပြီး မဲပါပြန့် အောင် လုပ်နေလေသလားထင်ပါရဲ့။ မင်းတို့ မိုက်ကယ်ကြီးမိန်းမက ဒီမိုကရေစီ ဖက်ဒရယ် ဆိုတာကို ကုန်းအော်။ 

မင်းတို့က တိုင်းရင်းသား ပါတီတွေမဲမပေးနဲ့။ အစိုးရမဖွဲ့နိုင်ရင် မဲမပေးနဲ့။ တစ်သီးပုဂ္ဂလ မဲမပေးနဲ့။ ညွန့်ပေါင်းအစိုးရ အဖွဲ့မခံနဲ့။ ငါတို့ကိုပဲ မဲပေးဆိုတာ ချည်း တွင်တွင်အော်နေလေတော့ မင်းတို့အမေ ပြောခဲ့တဲ့စကား မင်းတို့က အကြားမညပ်ဘူးကွလို့ ဆိုချင်တာလားကွ...ဟေ။ ဖက်ဒရယ်ဆိုတာက တစ်ပါတီထဲကနေ အုပ်ချုပ်တာ တိုင်းတွေပြည်နယ်တွေကို မင်းတို့ပါတီအလိုကျ ဝန်ကြီးချုပ်တွေခန့်အပ်တာလို့ ထင်နေသလားကွယ်။ ခက်ပါပေ့။ 

ဟိုပြီးခဲ့တဲ့ တစ်ကြိမ်တုံးက ဘတ်စ်ကားပေါ်ကနေ မိုးကျရွှေကိုယ်တွေ မပါဘူး၊ ကဏ္ဍတိုင်းမှာ  ကျွမ်းကျင်သူတွေချည်းပဲ၊ ခိုးတာဝှက်တာ မလုပ်ဘူး။ စစ်ပွဲတွေမရှိတဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံစတာတွေပြောတော့ ငါ့မှာ ဝမ်းတွေသာလို့။ ကျန်းမာရေးတောင် ဂရုစိုက်ပြီး မဲပေးခဲ့ရသေး။ ကောင်းပါလေ့ဗျာ။ ကိုယ်တွေတင်တဲ့ အစိုးရမင်းတော့ တက်ပြီဟဲ့လို့ ဝမ်းသာလို့မှ မကြာသေးဘူး အခွန်တွေတက်၊ မီတာခတွေတက် ကုန်ဈေးနှုန်း တွေတက်နဲ့ အသက်တောင်ထွက်မတက် အလုပ်တွေလုပ်ရပါလေရောလား။ 


စီးပွားရေး အကြံပေးတွေခန့်ထားတော့ လာလိမ့်မဟေ့ အာရှကျား ဘဝ လို့ထင်ထားတဲ့ အထင်။ ခြင်လောက်တောင် မကြီးပါလားကွယ်။ ပိတ်လိုက်ရတဲ့ စက်ရုံ၊ ရပ်လိုက်ရတဲ့ လုပ်ငန်း၊ သန်းတဲ့ချီသူတွေမှာ ဒုက္ခတွေကိုရောက်လို့။ ဘာသာရေးကို လှည်ပြန်တော့လဲ အမတ်မင်း လာတယ်ဆိုရင် ရွာဦးဆရာတော်ကတောင် ဆင်းကန်တော့ရမလိုပ။ ဒီဘုန်းကြီးက တပ်နဲ့ အဆင်ပြေသဟဲ့။ ဟိုပါတီနဲ့ အဆင်ပြေသဟဲ့ ဆိုတာနဲ့တင် အနှီသော ဘုန်းကြီးခမျာမယ် ကတုန်းကြီးပါကွာလို့ သမုတ်ခံရတာကလား။ ငါလဲ ပြောရမယ်ဆို မောရတာ အဖက်တင် ပါတယ်လေ။ 

၂၀၁၅ ကာလက ဗီဒီယိုလိုပဲ အခုကာလမှာ ခါတော်မီ ဗီဒီယိုကတော့ မစွန်တာ အမှန်ပဲဟေ့။ ကိုယ်လုပ်ပြနိုင်တာ မပြောရဲဘဲနဲ့ အခြားတိုင်းရင်းသားပါတီတွေ အပါ အဝင် စစ်တပ်ကိုပါ အပုတ်ချယုံမဟုတ်လား။ အခြားဟာတွေ မကြည့်ပါနဲ့ မောင်တို့ရယ်။ မင်းတို့ ၂၀၁၅ ကားပေါ်က ဟိုဒင်း အထီး၊ အမ တွေ အကုန်တောင် မင်းတို့ဘက်မှာ မရှိတော့ဘူး မဟုတ်လား။ ၂၀၂၀ တော့ တော်ပါကွယ်၊ တန်ပါကွယ် လို့သာ ဆိုလိုက်ပါရဲ့ နှော့။

Credit: အောင်ခိုင်

Post a Comment

0 Comments

Total Pageviews