ကိုဗစ် နှင့် တပ်မတော်

ကိုဗစ် နှင့် တပ်မတော်

တပ်မတော်က ပါတီနိုင်ငံရေးဘယ်တော့မှ မလုပ်ဖူး၊ အမျိုးသားနိုင်ငံရေးပဲ ကျင့်သုံးတယ်။ အဲတော့ ဘယ်အစိုးရပဲ တက်တက် အမျိုးသားနိုင်ငံရေးလမ်းစဉ်နဲ့ ပြည်သူအတွက် လိုအပ်ချက် ကူညီဆောင်ရွက် နေတာ မျက်မြင်ပါပဲ။ အခုလိုကပ်ဘေးဆိုက်နေတဲ့အချိန် တစ်ကမ္ဘာလုံး ဒုက္ခရောက်ပြီး လူပေါင်းများစွာ လည်းသေ၊ အလုပ်လက်မဲ့တွေဖြစ်ပြီး အိမ်တွင်းအောင်းပြီး ကပ်ရောဂါကိုတွန်းလှန်နေရတာ လွယ်တဲ့ အလုပ်တော့မဟုတ်ပါဘူး။


စီးပွားရေးလုပ်ငန်းအများစု ရပ်တန့်နေတော့ ကျေးလက်နေတောင်သူတွေရဲ့ လယ်ယာထွက်ကုန်၊ သီးနှံတွေလည်း ရောင်းမရဖြစ်နေချိန် တပ်မတော်က လက်ရှိပေါက်ဈေးပေးဝယ်ပြီး တောင်သူတွေရဲ့ အခက်အခဲကို တစ်ဖက်တလမ်းကနေ ကူညီခဲ့တာလည်း ဝမ်းသာစရာပါ။


ကပ်ရောဂါဆိုတာ အသားရောင်မရွေး လူမျိုးမရွေး ကူးစက်ခံရတတ်တာမို့ ပါတီစွဲကြည့်၊ လူမျိုး ခွဲကြည့်ပြီး ဆက်ဆံနေမယ်ဆိုရင် အချိန်မရွေး မိမိကိုယ်တိုင်ကူးစက်ခံရမှာပါ။ အစိုးရအနေနဲ့ တတ်နိုင် တဲ့နည်းလမ်းနဲ့ ကိုဗစ်ကို တိုက်ထုတ်နေပေမယ့် ကူးစက်နှုန်းက နေ့စဉ်စံချိန်တင်နေလို့ အရပ်ကူပါ လူဝိုင်းပါအဆင့်ထိ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ် လူနာနံပါတ် ၁ မဖြစ်ခင်ကတည်းက တပ်မတော်က Q စင်တာတွေ ပြင်ဆင်ထားပြီး အစိုးရနဲ့ပြည်သူကို ကူညီဖို့ အသင့်ဖြစ်နေခဲ့တာပါ။


လက်ရှိမှာလည်း ရဟန်းသံဃာနဲ့ ပြည်သူများစွာကို တပ်မတော်ရဲ့ ရောဂါကုသရေးစင်တာတွေမှာ လက်ခံကုသပေးပြီး အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒါတင်မကပဲ တန်ဖိုးသင့် နေ့လယ်စာအပါအဝင် ပြည်သူတွေအတွက် လိုအပ်တဲ့ အခြေခံစားကုန်များစွာကို နေရာများစွာမှာ ထောက်ပံ့နေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။

လိုအပ်နေတဲ့ ဆေးရုံတွေနဲ့ စင်တာတွေအတွက် တပ်မတော်သားများရဲ့လစာငွေထဲက ကျပ်ဘီလီယံ များစွာကိုလည်း ထောက်ပံ့ပေးခဲ့ပြီး ကိုဗစ်ကို တိုက်ထုတ်တဲ့နေရာမှာ တပ်မတော်က အားဖြည့် လုပ်ဆောင်ခဲ့ပါသေးတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တပ်မတော်အစည်းအဝေးတစ်ခုမှာ အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူး… ကိုဗစ်တိုက်ထုတ်ကုသရေးမှာ လိုအပ်တာဆောင်ရွက်ဖို့အတွက် အမိန့်စောင့်စရာမလိုပဲ ချက်ချင်းကူညီဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ပြောဆိုခဲ့တာပါ။ 

အသက်ရှုဖို့ခက်ခဲနေတဲ့ လူနာတွေအတွက် လိုအပ်တဲ့အောက်ဆီဂျင်အိုးများစွာကိုလည်း တပ်မတော်ကားတွေနဲ့နေရာအရောက် လှူဒါန်းခဲ့တာတွေလည်း မျက်မြင်တွေ့နိုင်ပါတယ်။ လက်ရှိအချိန်ထိ မနေ့က လှိုင်သာယာပြည်သူ့ဆေးရုံမှာ အောက်ဆီဂျင်အိုး အလုံး ၅၀ ကို မင်းဓမ္မလမ်း တပ်မတော် Oxygen Plant တွေကဖြည့်သွင်းပေးခဲ့ပါတယ်။ 


ဒီနေ့လည်း ဒဂုံ(တောင်) အောင်မြင့်မိုရ် Q စင်တာ၊ ရိုးမ Q စင်တာ (၁၊ ၂)၊ အင်းလျားလိတ် Q စင်တာ တို့ကို အလုံး ၃၀၀ ထပ်ပြီးလှူဒါန်းခဲ့ပါတယ်။ နောက်ထပ် လိုအပ်တဲ့ နေရာတွေက အကူအညီတောင်းခံလာရင်လည်း အချိန်မရွေး တပ်မတော်ကားတွေနဲ့ အရောက် ကူညီဖို့ အသင့်ရှိနေပါတယ်ဗျာ။

 

 

Post a Comment

0 Comments

Total Pageviews