Baby girl or boy ဘာလေးမွေးမှာလဲ

 ဆရာ ကလေးက ယောကျ်ားလေးလား မိန်းခလေးလားဆိုတာ ကိုယ်ဝန် ဘယ်နှစ်လမှာသိရပါသလဲဆရာ။

ကိုယ်ဝန်ဆောင်တွေရဲ့ ဗိုက်ထဲက ကလေးကို ယောက်ျား၊ မိန်းမ ခွဲတဲ့နေရာမှာ ဂျုံစေ့၊ ဘာလီစေ့တို့အပေါ်မှှာ မိန်းမ ကျင်ငယ်ရည် ဖျန်းရုံနဲ့ခွဲခြားသိနိုင်တယ်လို့ သိရပါတယ်ဆရာ။ အဲ့ဒီကိစ္စ မှန် မမှန် ရှင်းပြပေးစေချင်ပါတယ်။

ဗိုက်ထဲကကလေး ယောက်ျားလေး-မိန်းကလေး ခွဲသိဘို့ Old Wives Tales အရပ်ထဲက အမျိုးသမီးကြီးတွေရဲ့ အတွေ့အကြုံတွေကို အားကိုးတတ်တယ်။ တရုတ်တွေက ပြက္ခဒိန်ကိုသုံးတယ်။ ဆရာဝန်တွေတေည့ စက်ပါမှရတယ်။ Ultrasound (အာလ်ထွာဆောင်း) ရိုက်မှသိကြတယ်။ ကျွန်တော်တော့ ဖေ့စ်ဘွတ် အားကိုးရမလားဘဲ။


ပြောကြတာတွေ အများကြီးဘဲ။ မိန်းကလေးမွေးမဲ့ ကိုယ်ဝန်ဆိုတာ –
• အချိုတွေ၊ အသီးတွေ ချင်ခြင်းတပ်နေရင်၊ ဥပမာ (အိုက်စခရင်မ်)၊ (ကင်ဒီ)၊ ကျွန်တော်တို့ အမျိုးသမီးတွေက အချဉ်သီး၊ အချဉ်ထုပ်။
• ဗိုက်မှာ စက်ဝိုင်းလည်သလို လှုပ်ရင်၊
• ကိုယ်ဝန်ဆောင်ရတာ အရင်လောက် မလှဘူး ထင်နေရင်၊
• ဗိုက်ပုံစံက (ဘတ်စကက်ဘောလ်) လို မဟုတ်ဘဲ ဖရဲသီးလိုနေရင်၊
• ဆံပင် အရင်ကလောက် တောက်ပြောင် မနေရင်၊
• ကိုယ်ဝန်ဆောင်စလက္ခဏာတွေ မကြာခဏ ခံစားနေရရင်၊
• ဗိုက်ပေါ်က အမဲရောင်မျဉ်းဟာ ချက်နဲ့ ဆီးစပ်နေရာကြားမှာသာ တန်းနေရင်၊
• ဘယ်ဘက်ရင်သားက ညာဘက်ရင်သားထက် ပိုပြီး ကြီးနေရင်၊
• ညာဘက်စောင်းအိပ်တာ များရင်၊
• ကိုယ်ဝန်ဆောင်နေတုံး ခြေထောက်အေးရင်၊
• အရေပြားက အရင်ကလောက် မလှသလိုဖြစ်လာရင်၊ ဥပမာ ဝက်ခြံထွက်တာမျိုး၊
• ကိုယ်ဝန်ဆောင်တဲ့ နှစ်နဲ့ အသက်တွေ စုံဂဏန်းတူတွေဖြစ်နေရင်၊ ဒါမှမဟုတ် မဂဏန်းတူတွေဖြစ်နေရင်၊
• အထဲကကလေး နှလုံးခုန်နှုန်း ၁၄ဝ ထက်များနေရင်၊
• လက်သည်း-ခြေသည်းတွေ အရင်ကထက် ကျွတ်ဆတ်နေရင်၊
• ကိုယ်ခန္ဓာကို နောက်ကနေကြည့်တဲ့ လှပခြင်းဟာ အရင်လိုဘဲ ဆက်လှနေရင်၊
• မျက်နှာ ပိုပြီးဝိုင်းစက်နေရင်၊
• ကြက်သွန်ဖြူစားပြီး အနံ့ကသိပ်မထွက်ရင်၊
• ပေါင်မုန့်အနားသား မစားချင်ဖြစ်နေရင်၊
• ယောက်ျားလေးမွေးမယ်လို့ အိပ်မက်မက်နေရင်၊

ယောက်ျားလေးမွေးမဲ့ကိုယ်ဝန် ဖြစ်တာများသူတွေ
• အငန်နဲ့အချဉ် ပိုစားချင်နေရင်၊
• ဗိုက်မှာ စက်ဝိုင်းလည်သလို မဟုတ်ဘဲ ရှေ့-နာက်လှုပ်ရင်၊
• ကိုယ်ဝန်ဆောင်မှ ပိုလှနေရင်၊
• ဗိုက်ပုံစံက ဖရဲသီးလို မဟုတ်ဘဲ (ဘတ်စကက်ဘောလ်) လိုဖြစ်နေရင်၊
• ဆံပင်ကအရင်ကထက် ပိုမဲနက်ပြီး ရှည်တာလဲမြန်လာရင်၊
• ကိုယ်ဝန်ဆောင်စလက္ခဏာတွေ သိပ်မခံစားရရင်၊
• ညာဘက်ရင်သားက ဘယ်ဘက်ရင်သားထက် ပိုပြီး ကြီးနေရင်၊
• ဘယ်ဘက်စောင်းအိပ်တာ များရင်၊
• အရေပြားက အရင်ကလိုဘဲ ဆက်ကောင်းနေရင်၊
• ဗိုက်ပေါ်က အမဲရောင်မျဉ်းဟာ ချက်နဲ့ ဆီးစပ်နေရာကြားမှာသာမကဘဲ ရင်ခေါင်းအထိ တန်းနေရင်၊
• ခြေထောက်တွေ ပိုအေးတယ်ထင်ရင်၊
• ကိုယ်ဝန်ဆောင်တဲ့နှစ်က မဂဏန်း၊ ကိုယ့်အသက်က စုံဂဏန်းဖြစ်နေရင်၊ ဒါမှမဟုတ် ပြောင်းပြန်သဘော ဖြစ်နေရင်၊
• အထဲကကလေး နှလုံးခုန်နှုန်း ၁၄ဝ ထက်နည်းနေရင်၊
• လက်သည်း-ခြေသည်းတွေ အရင်ကထက်ပိုပြီး ကျန်းမာနေရင်၊
• ကိုယ်နောက်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး မြန်မြန်ကြီးထွားလာရင်၊
• မျက်နှာသွယ်လျှနေရင်၊
• ကြက်သွန်ဖြူစားပြီး အနံ့က တနေကုန် မပျောက်က်နိုင်ရင်၊
• ပေါင်မုန့်အနာသားလဲ စားချင်မယ်ဆိုရင်၊
• မိန်းကလေးမွေးမယ်လို့ အိပ်မက် မက်နေရင်၊

Chinese conception gender chart သန္ဓေတည်ချိန်နဲ့ မွေးမဲ့ကလေး တွက်ချက်တဲ့ တရုတ်တွေသုံးတဲ့ဇယား

အသက် – ၁၈ – ၁၉ – ၂ဝ – ၂၁ – ၂၂ – ၂၃ – ၂၄ – ၂၅ – ၂၆ – ၂၇ – ၂၈ – ၂၉ – ၃ဝ – ၃၁

ဇန္နဝါရီ = မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး

ဖေဖေါ်ဝါရီ = ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး

မတ်လ = မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး

ဧပြီလ = ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး

မေလ = ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး

ဇွန်လ = ယောက်ျားလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး

ဇူလိုင်လ = ယောက်ျားလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး

သြဂုတ်လ = ယောက်ျားလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး – ယောက်ျားလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး

စက်တင်ဘာ = ယောက်ျားလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး

အောက်တိုဘာ = ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး

နိုဝင်ဘာ = ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး

ဒီဇင်ဘာ = ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – ယောက်ျားလေး – မိန်းကလေး – မိန်းကလေး – ယောက်ျားလေး

Dr. တင့်ဆွေ

Post a Comment

0 Comments

Total Pageviews