ဖုန်းအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများနှင့် အပြန်အလှန်ဆက်သွယ် ပြောဆိုထားသည့် အထောက်အထားများနှင့်အတူ အမာခံသတင်းပေးတစ်ဦးအား ဖမ်းဆီးရမိ

 ဖုန်းအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများနှင့် အပြန်အလှန်ဆက်သွယ် ပြောဆိုထားသည့် အထောက်အထားများနှင့်အတူ အမာခံသတင်းပေးတစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ - ၂၁



ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ ရုပ်သားကျေးရွာအနီးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၈ ရက် နံနက် ၆ နာရီ မိနစ် ၄၀ ခန့်တွင် ရုပ်သားကျေးရွာဘုန်းတော်ကြီးကျောင်းမုခ်ဦးအနီး လူတစ်ဦး မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ ရုပ်သားကျေးရွာနေ ဦးမောင်ကျော်သန်း၊ ၅၂ နှစ်(ဘ)ဦးစံသာအောင်ဖြစ်ပြီး ၎င်းကိုင်ဆောင်ထားသည့် OPPO အမျိုးအစားဖုန်းအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်ရေယာဉ်များ၊ ယာဉ်တန်းများနှင့် စစ်ကြောင်းများ၏သွားလာလှုပ်ရှားမှုများအား ချောင်းမြောင်း၍ မိုင်းထောင်တိုက်ခိုက်မှုများကို အပြန်အလှန် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည့်အသံဖိုင်များအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါဖမ်းဆီးရမိသည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အမာခံအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments

Total Pageviews