ဝန်ထမ်းကားပါမစ်တွေလာပြီ

 ဝန်ထမ်းပါမစ်လာပြီဆိုတော့ . . .

၁။ ဘယ်သူတွေရမှာလဲ?

၅၇ နှစ်အထက် + ပင်စင်မယူမှီ + ဝန်ထမ်းကောင်းတံဆိပ်ရရှိထားတဲ့ 

အမြဲတမ်းအတွင်းဝန် နဲ့ ညွှန်ချုပ်က သိန်း ၅၀၀ အောက်ကား သွင်းလို့ရမယ် . . . 

ဒုညွှန်၊ ညွှန်မှူး နဲ့ ဒုညွှန်ချုပ်က သိန်း ၃၀၀ အောက်ကား သွင်းလို့ရမယ် . . . 

ကျန်တဲ့ရာထူးတွေက ဘာမှ မထူး ဘာမှမသက်သာတဲ့ မိတ်အင် ဒီဒင် တွေပဲ ရမယ် . . .



၂။ ဘယ်အခွန်တွေ သက်သာမလဲ ?

အတိအကျ ထုတ်ပြန်ထားတာမရှိသေးပါဘူး . . . ကြားထားတဲ့ သတင်းတွေအရ သက်သာနိုင်တဲ့ အခွန်များ မှာ . . .

Custom Duty (10-30%) - အကောက်ခွန် သက်သာနိုင်မယ် 

Special Goods Tax (0 – 50%) - အထူးကုန်စည်ခွန် ပေးရမယ်

Commercial Tax (5%) - ကုန်သွယ်ခွန် ပေးရမယ် 

Income Tax (6-30%) - ဝင်ငွေခွန် ကင်းလွတ်မယ် 

RTAD Tax (0-60%) - ကညနခွန် ကင်းလွတ်မယ်

၃။ ဘာကားတွေသွင်းလို့ရမလဲ? 

အခွန်လုံးဝ ဇီးရိုး မဟုတ်တဲ့အတွက် ထပ်မံထုတ်ပြန်မယ့် သက်သာနိုင်မယ့် အခွန်ပေါ်မူတည်ပြီး ရွေးချယ်ရပါမယ် - 

၁၅၀၀ စီစီအောက်ကား သွင်းရင် အခွန်ကို ကုန်သွယ်ခွန် ၅% ပဲပေးရမှာဖြစ်လို့ အသက်သာဆုံး အတန်ဆုံးဖြစ်မှာပါ . . .




အောက်မှာလူကြိုက်များပြီး ပြန်ရောင်းလို့လွယ်မယ့် ကားတွေဖော်ပြထားပါတယ်

လူကြိုက်များတဲ့ CIF သိန်း ၃၀၀ အောက်ကားများ

Chevrolet >  Equinox, Malibu, Trailblazer

Ford >  Ecosport, Edge 

Honda > Accord, Civic, CRV

Mitsubishi >  Eclipse Cross

Nissan > Altima, Kicks, Qashqai

Toyota > Camry, CHR, RAV4

လူကြိုက်များတဲ့ CIF သိန်း ၅၀၀ အောက်ကားများ

Lexus > NX, RX, ES

Range Rover > Evoque, Velar

Toyota > Avalon, Highlander 


Credit: MoeZac Auto Myanmar

Post a Comment

0 Comments

Total Pageviews