မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားရေးရာ

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားရေးရာ တိုင်းရင်းသားကိစ္စများနဲ့ ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂ မှာ တိုင်းရင်းသားများရဲ့ စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အချင်းချင်းစည်းလုံးညီညွတ်ရေး၊ လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် နိုင်ငံတော်က ကူညီဆောင်ရွက်ထားရမှာတွေကို ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။
ပုဒ်မ ၄၉ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ သတ်မှတ်ခဲ့သလို ပုဒ်မ ၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကိုလည်း သတ်မှတ်ပေးထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၁၆၁(ခ)နဲ့ (ဂ)အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တိုင်းရင်းသားလူမျိုးဦးရေဟာ နိုင်ငံ့လူဦးရေရဲ့ သုညဒသမတစ်ရာခိုင်နှုန်းရှိနေလျှင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပါဝင်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဥပဒေပြုရေးကိစ္စတွေမှာ ဒါ့ထက်ပိုပြီး ကိုယ်စားပြုပါဝင်ကြမယ်ဆိုရင် ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့စနစ် ဖြစ်လာချင်တယ်ဆိုရင် ရွေးကောက်ပွဲစနစ်ပုံစံကို ယခုကျင့်သုံးနေတဲ့ပုံစံနဲ့ အချိုးကျကိုယ်စားပြုခြင်းစနစ် (Proportional Representation-PR) ကို နှိုင်းယှဉ်စဉ်းစားသင့်ကြောင်း အကြံပြုလိုပါတယ်။ (၁၉-၈-၂၀၂၀ ရက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်အမှာစကားကောက်နှုတ်ချက်)
  • Zawgyi Version
ျမန္မာ့တပ္မေတာ္ႏွင့္ တိုင္းရင္းသားေရးရာ တိုင္းရင္းသားကိစၥမ်ားနဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၂ မွာ တိုင္းရင္းသားမ်ားရဲ႕ စာေပ၊ စကား၊ အႏုပညာ၊ ယဥ္ေက်းမႈမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရး၊ အခ်င္းခ်င္းစည္းလုံးညီၫြတ္ေရး၊ လူမႈစီးပြား တိုးတက္ဖြံ႕ၿဖိဳးေရးတို႔အတြက္ ႏိုင္ငံေတာ္က ကူညီေဆာင္႐ြက္ထားရမွာေတြကို ျပ႒ာန္းၿပီးျဖစ္ပါတယ္။
ပုဒ္မ ၄၉ အရ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြ သတ္မွတ္ခဲ့သလို ပုဒ္မ ၅၆ အရ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြကိုလည္း သတ္မွတ္ေပးထားပါတယ္။ ဒါ့အျပင္ ပုဒ္မ ၁၆၁(ခ)နဲ႔ (ဂ)အရ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးမွာ တိုင္းရင္းသားလူမ်ိဳးဦးေရဟာ ႏိုင္ငံ့လူဦးေရရဲ႕ သုညဒသမတစ္ရာခိုင္ႏႈန္းရွိေနလွ်င္ တိုင္းေဒသႀကီး၊ ျပည္နယ္လႊတ္ေတာ္ေတြမွာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအျဖစ္ ပါဝင္ခြင့္ျပဳထားၿပီးျဖစ္ပါတယ္။ ႏိုင္ငံေတာ္ရဲ႕ဥပေဒျပဳေရးကိစၥေတြမွာ ဒါ့ထက္ပိုၿပီး ကိုယ္စားျပဳပါဝင္ၾကမယ္ဆိုရင္ ယခုထက္ပိုၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ ကိုယ္စားျပဳတဲ့စနစ္ ျဖစ္လာခ်င္တယ္ဆိုရင္ ေ႐ြးေကာက္ပြဲစနစ္ပုံစံကို ယခုက်င့္သုံးေနတဲ့ပုံစံနဲ႔ အခ်ိဳးက်ကိုယ္စားျပဳျခင္းစနစ္ (Proportional Representation-PR) ကို ႏႈိင္းယွဥ္စဥ္းစားသင့္ေၾကာင္း အႀကံျပဳလိုပါတယ္။ (၁၉-၈-၂၀၂၀ ရက္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ(၂၁)ရာစုပင္လုံ စတုတၳအစည္းအေဝးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာၾကားသည့္အမွာစကားေကာက္ႏႈတ္ခ်က္)

Post a Comment

0 Comments

Total Pageviews